Duty & Responsibility

အလုပ်အမှု‌ဆောင်အရည်အချင်းနှင့်တာဝန်သတ်မှတ်ချက်များ

(က) အရည်အချင်းသတ်မှတ်ချက်များ

(၁) မြန်မာနိုင်ငံသားစက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူဖြစ်ရမည်။

(၂) အသင်း၏အကျိုးအတွက် အချိန်‌ပေး‌ဆောင်ရွက်နိုင်သူဖြစ်ရမည်။

(၃) စက်သုံးဆီဖြန့်ဖြူး‌ရေးလုပ်ငန်းအ‌တွေ့အကြုံရှိသူဖြစ်ရမည်။ ‌ငွေ‌ကြေးပြည့်စုံသူ ဖြစ်ရမည်။

(၄) အကျင့်စာရိတ္တ‌ကောင်းမွန်ရမည်။

(၅) အများအကျိုးသယ်ပိုးလိုစိတ်ရှိရမည်။

(၆) သက်ဆိုင်ရာကုမ္ဋဏီ/လုပ်ငန်းအဖွဲ့အစည်းတွင် စီမံခန့်ခွဲသူ (Managerial Level) ဖြစ်ရမည်။

(၇) အသင်းမှချမှတ်ထား‌သော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

(၈) အသင်း၏ရည်ရွယ်ချက်များကို အ‌ကောင်အထည်‌ဖော်ရာတွင် ပါဝင်‌ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(၉) အသင်းဝင်သက်တမ်း တစ်နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၁ဝ) ကုမ္ပဏီမှတ်ပုံတင် သက်တမ်းရှိရမည်။

(ခ) တာဝန်သတ်မှတ်ချက်များ

(၁) အလုပ်အမှု‌ဆောင်အစည်းအ‌ဝေးများတွင် အချိန်‌ပေးတက်‌ရောက်ရမည်။

(၂) အသင်းမှ‌ပေးအပ်‌သော တာဝန်များကို ‌ဆောင်ရွက်ရမည်။

(၃) စက်သုံးဆီလုပ်ငန်းကဏ္ဍဖွံ့ဖြိုး‌ရေးအတွက် အကြံဉာဏ်‌ပေးခြင်း၊ ပူး‌ပေါင်း‌ဆောင်ရွက် ခြင်းတို့ကို ‌ဆောင်ရွက်ရမည်။

 

ဗဟိုအလုပ်အမှု‌ဆောင်အရည်အချင်းနှင့်တာဝန်သတ်မှတ်ချက်များ

(က) အရည်အချင်းသတ်မှတ်ချက်များ

(၁)မြန်မာနိုင်ငံသားစက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူဖြစ်ရမည်။

(၂)အသင်း၏အကျိုးအတွက် အချိန်‌ပေး‌ဆောင်ရွက်နိုင်သူဖြစ်ရမည်။

(၃)စက်သုံးဆီပြည်တွင်းဖြန့်ဖြူး‌ရေးလုပ်ငန်းကို နိုင်နင်းစွာ ‌ဆောင်ရွက်နိုင်သူ၊ စက်သုံးဆီ လုပ်ငန်း အ‌တွေ့အကြုံရှိသူဖြစ်ရမည်။

(၄)ပြည်ပနှင့်ချိတ်ဆက်၍ တင်သွင်းနိုင်သူ၊ ‌ငွေ‌ကြေးအရင်းအနှီးဦး‌ဆောင်ထည့်ဝင်နိုင်သူ ဖြစ်ရမည်။

(၅)အကျင့်စာရိတ္တ‌ကောင်းမွန်ရမည်။ အများအကျိုးသယ်ပိုးလိုစိတ်ရှိရမည်။

(၆)သက်ဆိုင်ရာကုမ္ဋဏီ/လုပ်ငန်းအဖွဲ့အစည်းတွင် စီမံခန့်ခွဲသူ (Managerial Level) ဖြစ်ရမည်။

(၇)အသင်းမှချမှတ်ထား‌သော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

(၈)အသင်း၏ရည်ရွယ်ချက်များကို အ‌ကောင်အထည်‌ဖော်ရာတွင် ပါဝင်‌ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(၉)နိုင်ငံတကာအ‌တွေ့အကြုံရှိသူဖြစ်ရမည်။

(ခ)တာဝန်သတ်မှတ်ချက်များ

(၁)ဗဟိုအလုပ်အမှု‌ဆောင်အစည်းအ‌ဝေးများတွင် အချိန်‌ပေးတက်‌ရောက်ရမည်။

(၂)အလုပ်အမှု‌ဆောင်အစည်းအ‌ဝေးများတွင် အချိန်‌ပေးတက်‌ရောက်ရမည်။

(၃)အသင်းမှ‌ပေးအပ်‌သော တာဝန်များကို ‌ဆောင်ရွက်ရမည်။

(၄)အသင်း၏လုပ်ငန်းများတွင် ဦး‌ဆောင်မှုပြုနိုင်သူဖြစ်ရမည်။ ‌

 

စီမံခန့်ခွဲ‌ရေး‌ကော်မတီဝင်များ၏ အရည်အချင်းနှင့်တာဝန်သတ်မှတ်ချက်များ

(က)အရည်အချင်းသတ်မှတ်ချက်များ

(၁)ဗဟိုအလုပ်အမှု‌ဆောင်/အလုပ်အမှု‌ဆောင် အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။

(၂)စက်သုံးဆီလုပ်ငန်း ကဏ္ဍတိုးတက်‌ရေးအတွက် ရင်းနှီးမြှုပ်နှံ‌ဆောင်ရွက်လုပ်ကိုင်သူ ဖြစ်ရမည်။

(၃)နိုင်ငံခြားသို့ တိုက်ရိုက်ချိတ်ဆက်တင်သွင်းဖြန့်ဖြူး‌ရောင်းချနိုင်သူဖြစ်ရမည်။

(၄)စက်သုံးဆီ‌ဈေးကွက်အ‌ခြေအ‌နေများတွင် အ‌တွေ့အကြုံရှိပြီး ကျွမ်းကျင်နှံ့စပ်သူ ဖြစ်ရမည်။

(၅)နိုင်ငံတကာထုတ်လုပ်မှုနှင့် ‌ဈေးကွက်အ‌ခြေအ‌နေတွင် အ‌တွေ့အကြုံရှိပြီး ကျွမ်းကျင် နှံ့စပ်သူ ဖြစ်ရမည်။

(၆)နိုင်ငံတကာနှင့်ဆက်သွယ်‌ပြောဆို‌ဆောင်ရွက်နိုင်ပြီးစနစ်တကျရုံးဖွဲ့စည်းမှုရှိသူဖြစ်ရမည်။

(၇)တာဝန်‌ပေးအပ်ပါက စိတ်ပါဝင်စားစွာဖြင့် တာဝန်ထမ်း‌ဆောင်နိုင်သူဖြစ်ရမည်။

(၈)အများယုံကြည်လက်ခံသူဖြစ်ရမည်။

(၉)အသင်း၏ရည်ရွယ်ချက်များ ‌အောင်မြင်‌အောင်ဦး‌ဆောင်မှု‌ပေးနိုင်သူဖြစ်ရမည်။

(ခ)တာဝန်သတ်မှတ်ချက်များ

(၁)အစည်းအ‌ဝေးများတွင် အချိန်‌ပေးတက်‌ရောက်ရမည်။

(၂)အသင်း၏အ‌ရေးပါ‌သော လုပ်ငန်းတာဝန်များကို တာဝန်ယူပြီး ပြီး‌မြောက် ‌အောင်မြင် ‌အောင် ‌ဆောင်ရွက်ရမည်။

(၃)အသင်း၏လုပ်ငန်းတာဝန်ဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များ သွားလာနိုင်ရမည်။

(၄)အသင်း၏လုပ်ငန်းတာဝန်များ ‌အောင်မြင်‌ရေးအတွက် စည်းရုံး‌ဆောင်ရွက်ရမည်။

(၅)နိုင်ငံ‌တော်မှ‌ပေးအပ်‌သော တာဝန်များကို ‌အောင်မြင်‌အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက်ရမည်။